ဒူးဆစ် ရောင်ရမ်းနာကျင်ခြင်း ဝေဒနာအတွက် ကုသမှုဟာ ဒူးဆစ်ရဲ့ယိုယွင်း ပျက်စီးမှု အခြေအနေပေါ် မှာ မူတည်ပါတယ်။ ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် MRI ရိုက်ခြင်းဖြင့် ဒူးဆစ်အရိုးနု၏ ယိုယွင်းမှု / ပြင်းထန်မှုကို ဆရာဝန်မှ စမ်းသပ် စစ်ဆေး အကဲဖြတ်မှာ ဖြစ်ပါတယ်။ ဒူးဆစ် ယိုယွင်းပျက်စီးမှု အရမ်း မပြင်းထန်သော အခြေအနေမှာတော့ ဆေးဝါးကုထုံး၊ ခန္ဓာကိုယ် ပြန်လည် သန်စွမ်းရေး လေ့ကျင့်ခန်းများ၊ ဒူးဆစ်အတွင်းသို့ hyaluronic acid injection ထိုးခြင်း၊ platelet-rich plasma (PRP) injection ထိုးခြင်း စသော ကုထုံးများဖြင့် ကုသမှုခံယူလေ့ရှိကြပါတယ်။
hyaluronic acid injection ထိုးရန်လိုအပ်ပါက ဘန်ကောက်မြို့တွင်းမှာတည်ရှိတဲ့ ကျွန်မတို့ရဲ့ Intrarat International Hospital - အင်ထရာရတ်ဆေးရုံကြီး၏ ဒူးဆစ်အတွင်းသို့ hyaluronic acid injection ထိုးခြင်း အစီအစဉ် (viscosupplementation Program) ကို အဆင်ပြေ သက်သာတဲ့ ဈေးနှုန်း၊ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိနိုင်မယ့် ဝန်ဆောင်မှုတို့နဲ့အတူ လာရောက် ကုသမှုခံယူနိုင်ပါပြီရှင်။
ဆက်သွယ်စုံစမ်း မေးမြန်းလိုပါက...
Email: info@intrarathospital.co.th
Line Official: @intrarathospital

Copyright @ 2021. All Rights Reserved By Intrarat Hospital