ဒူးဆစ်အစားထိုး ခွဲစိတ်မှုဟာ ဒူးဆစ်ပျက်စီးမှု ဝေဒနာ ပြင်းထန်စွာ ခံစားနေရသော လူနာများအတွက် အထူးသင့်လျော်ပါတယ်။ နာကျင်မှု သက်သာစေသော ဆေးဝါးများဖြင့် ကုသမှုခံယူခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အစားအသောက် အနေအထိုင် ပြုပြင်ပြောင်းလဲခြင်း စတဲ့ ခွဲစိတ်မှုမဟုတ်သော ကုသမှုများနှင့် မသက်သာသည့်အခါမှာ ဒူးဆစ်အစားထိုး ခွဲစိတ်မှုကို ရွေးချယ်မှုတစ်ခုအဖြစ် ရွေးချယ်လေ့ရှိကြပါတယ်။
လှေကားထစ် အတက်အဆင်း၊ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ ထခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်း ဆောင်တာများကို ပုံမှန်အတိုင်း အခက်အခဲမရှိ ပြုလုပ်နိုင်ဖို့အတွက် ဘန်ကောက်မြို့တွင်းမှာတည်ရှိတဲ့ ကျွန်မတို့ရဲ့ Intrarat International Hospital - အင်ထရာရတ်ဆေးရုံကြီးမှာ ဒူးဆစ် အလုံးစုံ အစားထိုး ခွဲစိတ်ကုသခြင်း အစီအစဉ် (Total Knee Arthroplasty Package) ကို အဆင်ပြေ သက်သာတဲ့ ဈေးနှုန်း၊ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိနိုင်မယ့် ဝန်ဆောင်မှုတို့နဲ့အတူ လာရောက် ကုသမှုခံယူနိုင်ပါပြီရှင်။
ဒူးဆစ် အလုံးစုံ ခွဲစိတ်ကုသခြင်း အစီအစဉ် - ဒူးတစ်ဖက်လျှင် 269,000 THB
ဆေးရုံသို့ လာရောက် ကုသမှု ခံယူသူများအတွက် လေဆိပ်/ဟိုတယ်-ဆေးရုံ အကြို၊ အပို့ အခမဲ့ဝန်ဆောင်မှုအား စီစဉ်ထားရှိပေးပါသည်။
ဆက်သွယ်စုံစမ်း မေးမြန်းလိုပါက...
Email: info@intrarathospital.co.th
Line Official: @intrarathospital
.png)
Copyright @ 2021. All Rights Reserved By Intrarat Hospital