ဝမ်းဗိုက် အာထရာဆောင်းရိုက်ခြင်း အစီအစဉ်

ဝမ်းဗိုက် အာထရာဆောင်းရိုက်ခြင်း အစီအစဉ်

13/03/2569 15:09:40 | Views: 27,405

ဝမ်းဗိုက်အား အာထရာဆောင်းရိုက်ခြင်းသည် ဝမ်းတွင်းအင်္ဂါများနှင့် သွေးကြောများ၏ ပုံရိပ်များကို ကြည့်ရှုစစ်ဆေးနိုင်ရန် ကြိမ်နှုန်းမြင့် အသံလှိုင်းများကို အသုံးပြု၍ ပုံရိပ်ဖော် ရောဂါရှာဖွေ စစ်ဆေးမှုဖြစ်သည်။ ဆရာဝန်မှ ဝမ်းဗိုက်အာထရာဆောင်းရိုက်ရန် အကြံပြုရသည့် အကြောင်းရင်းများစွာရှိပါသည်။ အာထရာဆောင်းဖြင့် အောက်ပါ အင်္ဂါအစိတ်အပိုင်းများကို စစ်ဆေးနိုင်သည်-

  • အစာအိမ်နှင့် အူလမ်းကြောင်း
  • အသည်း
  • သရက်ရွက်
  • သည်းခြေအိတ်
  • aorta နှင့် inferior vena cava ကဲ့သို့သော ဝမ်းဗိုက်သွေးကြောများ
  • ကျောက်ကပ်
  • ဆီးအိမ်
  • သားအိမ်
  • သန္ဓေသား

 

ဝမ်းဗိုက်အာထရာဆောင်းက ဘာကိုသိရှိနိုင်သလဲ။

ဝမ်းဗိုက်အား အာထရာဆောင်းရိုက်ခြင်းသည် မရှင်းပြနိုင်သော ဝမ်းဗိုက် (အစာအိမ်) နာကျင်ခြင်း၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရာတွင် ကူညီပေးနိုင်သည်။

အောက်ပါကဲ့သို့သော အခြေအနေများတွင် ရောဂါရှာဖွေရန် ဝမ်းဗိုက်အာထရာဆောင်းရိုက်လေ့ရှိပါသည်။

  • Abdominal aortic aneurysm (ဝမ်းဗိုက်သွေးကြောပေါက်ခြင်း)။
  • ကျောက်ကပ်ကျောက်တည်ခြင်း။
  • ကျောက်ကပ်ကင်ဆာ။
  • ဆီးအိမ်ကျောက်တည်ခြင်း။
  • သည်းခြေကျောက်တည်ခြင်း။
  • Cholecystitis (သည်းခြေအိတ်ရောင်ခြင်း)။
  • အသည်းရောဂါ။
  • ကျောက်ကပ်ရောဂါ။
  • ပန်ကရိယရောင်ခြင်း။
  • သရက်ရွက်ကြီးခြင်း။
  • ဝမ်းဗိုက်တွင်းအရည်အိတ်များ သို့မဟုတ် အကျိတ်များ။
  • အသည်းအဆီဖုံးရောဂါ။
  • အချို့သောကင်ဆာအမျိုးအစားများ (ပန်ကရိယကင်ဆာကဲ့သို့)။

 

ဝမ်းဗိုက်ကို အာထရာဆောင်းရိုက်ရန် အချိန်မည်မျှကြာသနည်း။

ပျမ်းမျှအားဖြင့်၊ ဝမ်းဗိုက်အာထရာဆောင်းတစ်ခုပြီးမြောက်ရန် မိနစ် ၂၀ - ၃၀ ဝန်းကျင်ခန့် ကြာတတ်သည်။ လူနာ၏ အခြေအနေပေါ်မူတည်ပြီး အချိန်ပိုကြာနိုင်ပါတယ် ။